လွိုင်ကော်တွင် ရှားပါး ဝံကြောင် ၁ ကောင်ဖမ်းဆီးရမိ

Listing Description

ကယားပြည်နယ်၊ လွိုင်ကော်မြို့လယ်မှာ ရှားပါးတောရိုင်းတိရိစ္ဆာန် ဝံကြောင် တစ်ကောင် ဖမ်ဆီးရမိထားပါတယ်။

အဆိုပါ ဝံကြောင်ဟာ လွိုင်ကော်မြို့ ကန္တာရဝတီ နှစ်ထပ်ဈေး တံတား အနီးလမ်းမပေါ်မှာ သွားလာနေတဲ့ ပြည်သူတွေကို ရန်ပြုနေတဲ့အတွက် ဒေသခံတွေက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ ဝံကြောင်ဟာ ကြောင်လို မျက်နှာ၊ ဝက်ဝံလို ခန္တာကိုယ်နဲ့ မျောက်လို့ အမြီး ရှည်တဲ့ တိရစ္ဆာန်တစ်မျိုးဖြစ်ပါတယ်။

လတ်တလောမှာတော့အဆိုပါ ဝံကြောင်ကို လွိုင်ကော်မီးသတ်ဦးစီးဌာနမှာ ထိန်းသိမ်းထားပြီး ဆေးကုသပေးထားပါတယ်။ ဘယ်ကနေ ရောက်ရှိလာမှန်းမသိတဲ့အဆိုပါ ဝံကြောင်ဟာ တဦးတယောက်မွေးမြူထားတဲ့ပုံစံလို့ ယူဆရကြောင်း မီးသတ်ဌာန တာရှိသူတဦးက ပြောပါတယ်။

လတ်တလောမှာ ဆေးကုသပေးနေတဲ့အတွက် မီးသတ်စခန်းမှာပဲ ထိန်းသိမ်းထားတာ ဖြစ်ကြောင်း ပြောပါတယ်။

ကယားပြည်နယ်သယံဇာတနှင့် သယာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန သစ်တော ဦးစီးဌာန ကတော့ အဆိုပါဝံကြောင်ဟာ လုံးဝကာကွယ်ထားတဲ့ တောရိုင်းတိရိစ္ဆာအမျိုးအစားဖြစ်ပြီး ရှားပါးကာ မျိုးတုံးပျောက်ကွယ်တော့မယ့် အန္တရာယ်ကျနေတာကြောင့် ကာကွယ်ထိန်းသိမ်းဖို့ သစ်တောဦးစီးဌာနက အမိန့်မိန်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားတဲ့ တောရိုင်းတိရိစ္ဆာန် အမျိုးအစားထဲပါဝင်ကြောင်း ပြောပါတယ်။

အာရှနိုင်ငံတွေဖြစ်တဲ့  ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နီပေါ၊ အိန္ဒိယနိုင်ငံတွေမှာ အထူးသဖြင့် ရွက်အုပ် ပိတ်တောနေရာတွေမှာ  ဝံကြောင်တွေကို မြင်တွေ့ရလေ့ရှိ ပါတယ်။

DVB News