မိုးဗြဲဆည်

Listing Description

မိုးဗြဲဆည်သည် ကယားပြည်နယ် လွိုင်ကော်မြို့၏မြောက်ဘက် ၁၈ မိုင်အကွာတွင် တည်ရှိပါသည်။ ၁၉၆၈ ခုနှစ်တွင် စတင်တည်ဆောက်ကာ ၁၉၇၁ တွင် ပြီးစီးခဲ့ပါသည်။ ကာယ၊ဉာဏလုပ်သားပေါင်း ၂၆၅၆ ဦးပါဝင်တည်ဆောက်ခဲ့ပါသည်။ မိုးဗြဲရေလှောင်တမံ၏ ရေအရင်းအမြစ်ရရှိမှုမှာ အင်းလေးကန်မှရေသည် ဘီလူးချောင်းမှတစ်ဆင့် စီးဝင်ခြင်းဖြစ်ရာ အင်းလေးကန်သည် အထက်မိုးဗြဲဟုပင် တင်စားခေါ်ဆိုထိုက်သောကန်ကြီးဖြစ်ကြောင်း သိရပါသည်။ မိုးဗြဲရေကာတာမှတဆင့် အင်းလေးကန်သို့ ရေစူးလေးပေရှိသော ရေယာဉ်များဖြင့် သွားရောက်လည်ပတ်နိုင်ပါသည်။ မိုးဗြဲရေကာတာသည် လောပိတ လျှပ်စစ်ဓါတ်အားစက်ရုံရှိ ၂၀ မဂ္ဂါဝပ်ရှိသော စက်ငါးလုံးကို တစ်နှစ်ပတ်လုံး လည်ပတ်စေနိုင်ခြင်း ရေကာတာအောက်ရှိ စိုက်ပျိုးမြေဧက ၂၀၀၀၀ ခန့်အား တနှစ်ပတ်လုံး ရေပေးနိုင်ခြင်းတို့ကြောင့် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေပါသည်။