ထီးစဲခါးရေတံခွန်

Listing Description

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးမှ ချောင်းဖျားခံသည့် ထီးစဲခါးရေတံခွန်သည် တောင်အောက်ဂူသို့ စီးဆင်းပြီး ပန်ချောင်းမှတစ်ဆင့် သံလွင်မြစ်အတွင်းသို့ စီးဝင်ပါသည်။ ရေတံခွန်သည် မိုင် ၁၀၀ ကျော် ရှည်ပါသည်။ ထီးစဲခါးရေတံခွန်မှာ လွိုင်ကော်-ဆီဆိုင်-တောင်ကြီး သွားကားလမ်း၏ ၁၇ မိုင်အကွာ ကားလမ်းမှ ရေတံခွန်သို့ နှစ်မိုင်ခန့်အဝေးတွင် တည်ရှိပါသည်။ ထီးစဲခါးကျေးရွာအနီး ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ် နယ်နိမိတ်ခွဲခြားရာ ချောင်းကလေး၏နံဘေး၌ တည်ရှိပါသည်။ ရေတံခွန်သည် အဆင့်ဆင့်ဖြင့် အလယ်တွင်ပင်မရေတံခွန်ရှိပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် ရေတံခွန်အငယ်များ ဝန်းရံနေပါသည်။ ရေတံခွန်အောက်ခြေရှိ ရေကန်တွင် တံတားတစ်စင်းရှိပြီး ရေတံခွန်အနီးတွင်လည်း ယွန်းမောင်းကြီးတစ်လုံး ချိတ်ဆွဲထားသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ ထီးစဲခါးရေတံခွန်သို့ နေ့ချင်းပြန်သာ သွားလာနိုင်ပြီး ညအိပ်ခြင်းကို ခွင့်ပြုမထားပါ။