လွိုင်လင်လေးမြို့

Listing Description

လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့သည် လီဆူးလူမျိုးများ နေထိုင်ကြသည့် နိုင်ငံခြားသားများ သွားရောက်လည်ပတ်လေ့ရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ လီဆူးလူမျိုးများသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်ကတည်းက ကယားပြည်နယ်တွင် အခြေချ နေနိုင်ခဲ့ကြသော တိုင်းရင်းသားများဖြစ်ကြပါသည်။ လီဆူးတိုင်းရင်းသားများသည် လွိုင်လင်လေးမြို့တွင် အောင်တေဇရပ်ကွက်၊ အောင်သိဒ္ဓိရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့တွင် နေထိုင်ကြသည်။ ယခင်က လွိုင်ကော်မြို့နယ်၏ ကျေးရွာအုပ်စုအဆင့်သာ ဖြစ်ပြီး အိုင်စန့်ကျေးရွာ၊ တနောင်ညွတ်ကျေးရွာ နှင့် ခုတ်လောကျေးရွာများကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၂-၁၀-၂၀၁၇ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် (၁၃၈၇/၂၀၁၇) ဖြင့် သုံး ရပ်ကွက် ပါဝင်သော မြို့အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ဒေသခံများသည် လီဆူးရိုးရာဝတ်စုံများ ဝတ်ဆင်ကာ တောင်ယာလုပ်ငန်း စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြပြီး အိမ်၏ ထုတ်တန်းများ၌ ကြက်သွန်ဖြူတွဲများ ချိတ်ဆွဲထားကာ တစ်နှစ်ပတ်လုံးအတွက် ရိက္ခာစုဆောင်းလေ့ ရှိကြပါသည်။