ကန္တရဝတီတံတား

Listing Description

ကယားပြည်နယ် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ တောင်ငူ - လိပ်သို - ယာဒို - လွိုင်ကော် - ဟိုပုံးလမ်းပေါ်တွင်တည်ရှိပြီး ဘီလူးချောင်းကို ဖြတ်သန်းတည်ဆောက်ထားသည်။ ထိုတံတားကို ၁၉၈၅ ခုနှစ်မှ စတင်၍ အကျယ် ၂၂ ပေရှိ ၂ လမ်းသွားတံတားအဖြစ် နှစ်ပေါင်း ၃၄ နှစ်ကြာ အသုံးပြုခဲ့ပြီးနောက် ၂ဝ၁၉ ခုနှစ် ဧပြီလ မှစတင်၍ တံတားအရှည် ၃၀၄ ပေ ၉ လက်မ၊ အကျယ် ၄၄ ပေရှိ ၄ လမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင် ဆောက်လုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြီးစီးခဲ့သည်။ လွိုင်ကော်မြို့လယ် ဘီလူးချောင်းပေါ်တွင် ကန္တာရဝတီတံတား အပါအဝင် ဘီလူးချောင်းတံတား (ရှမ်းပိုင်း)သီရိမင်္ဂလာတံတား (ကျောက်ပြားတံတား)ဒေါနိုးကူးတံတား၊ ဥတ္တရရုံတံတား စသည့် တံတားငါးစင်းတည်ဆောက်ထားသည်။