ဒုဌ၀တီတံတား(နောင်ချို)

Listing Description

ဒုဌ၀တီတံတား(နောင်ချို)သည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ ဆုံရာ နယ်နိမိတ်ဖြစ်သည်။ ဤတံတားကြီးကို ၂၀၀၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်  စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်ခဲ့သည်ဟု တံတားမှတ်တမ်းများအရ သိရှိရသည်။ ဤတံတားကြီးဖွင့်လှစ်ပေးခဲ့သည့်အတွက် ယခုအခါ ရှမ်းပြည်နယ်တောင်ပိုင်း နှင့် မြောက်ပိုင်းကို အချိန်တိုတိုဖြင့် လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်ပြီ ဖြစ်သည်။ ရှမ်းတောင်နှင် ရှမ်းမြောက်‌ဒေသကို လူမှုရေး၊စီးပွားရေး၊ ဆက်သွယ်ရေး၊ပညာရေး စသည့် ကဏ္ဍများစွာအတွက် အကျိုးပြုသော အချက်အချာကျသည့် တံတားတစ်စင်းဖြစ်သည်။