ကန္တာရဝတီဟော်နန်း

Listing Description

လွိုင်ကော်မြို့တွင်းတွင် ၁၉၁၂ ခုနှစ်တွင် စတင်ဆောက်လုပ်ထီးနန်းစိုက်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အဦးဖြစ်ပါသည်။ ၁၉၁၂ တွင် စော်ဘွားကြီး စဝ်ခွန်လီမှ အစပြုခဲ့သော စော်ဘွားမျိုးဆက်သည် ၁၉၅၉ ခုနှစ်တွင် အာဏာစွန့်ခဲ့သော စော်ဘွား စဝ်လဝီ လက်ထက်အထိ စော်ဘွား သုံးဆက်တိုင်တိုင် ဟော်နန်းအဖြစ် စိုးစံခဲ့သော ဟော်နန်းဖြစ်ပါသည်။ နောက်ဆုံး စော်ဘွားကြီး စဝ်လဝီ၏ သားသမီးများမှ ကန္ဒရဝတီဟော်ကို ၁၉၉၄ ခုနှစ်တွင် ဆရာတော် ဘဒ္ဒန္တစိန္ဒိမာအား ဘုန်းကြီးကျောင်းအဖြစ် လှူဒါန်းခဲ့ကြလေရာ မျက်မှောက်ကာလတွင် သီရိမင်္ဂလာပုံကျောင်းတိုက်အဖြစ် ဆက်လက် မြင်တွေ့ရသည်။ ကန္ဒရဝတီဟော်တွင် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့ကြသော စော်ဘွားများ၏ မှတ်တမ်းမှတ်ရာများနှင့် ဟော်နန်း၏ သမိုင်းအထောက်အထားများကို မြင်တွေ့နိုင်ပါသည်။