သကျရွှေဂူစေတီ

Listing Description

မြောက်ဦးမြို့ မြောက်ဦး-ကျောက်တော်ကားလမ်းဘေး၊ လောကမာရ်အောင်စေတီ၏ မြောက်ဘက် မိုင်ဝက်ခန့်အကွာ တောင်ကုန်းပေါ်၌ တည်ရှိသည်။ စေတီတော်နှစ်ဆူအနက် စေတီတော်ကြီးကို ဘုရင်မင်းဖလောင်းနှင့် မိဖုရားရှင်လတ်တို့က ကောဇာသက္ကရာဇ် ၉၃၃ ခုနှစ် (အေဒီ ၁၇၃၂) တွင် တည်ထားကိုးကွယ်ခဲ့သည်။ ကျန်စေတီတစ်ဆူကို သကျသာကီဝင်မျိုးနွယ် ရေတံခါးအမတ်ကြီးက ကောဇာသက္ကရာဇ် ၁၀၉၄ ခုနှစ် (အေဒီ ၁၇၃၂) တွင် တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်ကြီးမှာ အရှေ့ဘက်တွင် ဂူထဲသို့ဝင်ရန် မုခ်တစ်ခုပါရှိပြီး ဂူထဲရှိ ဂန္ဓကုဋီတိုက်တွင် ကျောက်ဆင်းတုတော် တစ်ဆူကိန်းဝပ်လျက်ရှိသည်။ ကျန်စေတီတစ်ဆူတွင် မုခ်လေးခုပါရှိပြီး မုခ်တစ်ခုစီတွင် ကျောက်ဆင်းတုတော်ငယ် တစ်ဆူစီ ကိန်းဝပ်လျက်ရှိသည်။