ရတနာပြဿဒ်စေတီ

Listing Description

မြောက်ဦးမြို့ ရတနာပုံစေတီတော်၏ မြောက်ဘက်အနီးရှိ ကုန်းပေါ်၌ တည်ရှိသည်။ ကောဇာသက္ကရာဇ် ၉၇၄ ခုနှစ် (အေဒီ ၁၆၁၂) တွင် ဘုရင်မင်းခမောင်းက ခမည်းတော် မင်းရာဇာကြီး တည်ထားခဲ့သော ရွှေဆင်းတု၊ ငွေဆင်းတုတော်များမှာ မီးလောင်ပျက်စီးသွားခဲ့သဖြင့် အသစ်တဖန် ပြန်လည်သွန်းလောင်းသော ရွှေဆင်းတု၊ ငွေဆင်းတုများကို ဌာပနာ၍ ဤရတနာပြဿဒ်စေတီတော်ကြီးအား မီးဘေးအရံအတား ခြံစည်းရိုးများဖြင့် ဆောက်လုပ်တည်ထားကိုးကွယ်ခဲ့သည်။