ကျိုက်ဒေသရစေတီတော်

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့အနီးတွင် တည်ရှိပါသည်။ စေတီတော်သမိုင်းရာဇဝင်အရ ပါဒမြို့ကို တည်ထောင်သော ဘောဂသနမင်းကြီးသည် ၎င်းကိုးကွယ်ဆည်းကပ်သော တိဿအမည်ရှိ ရသေ့ကြီး၏ ဩဝါဒလမ်းညွှန်ချက်အရ နန်းတော်ဦး၏တောင်ဘက်အနီးတွင် ဉာဏ်တော်အမြင့် ၁၇ တောင်ရှိသော စေတီကို တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။ နန်တော်ဦး၏ တောင်ဘက်တွင် ရှိသောကြောင့် ကျိုက်ဒေသရစေတီ (သို့) နန်းတော်ဦးစေတီဟူ၍ ဘွဲ့မည်ခေါ်တွင်ခဲ့ကြောင်း သိရသည်။