ရှင်ပင်ရွှေဆပ်သွားဘုရားကြီး

Listing Description

သမိုင်းဝင် ရှင်ပင်ရွှေဆပ်သွားစေတီသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၏ အနောက်ဘက် ၅ မိုင်ခန့်အကွာ ညောင်ရွှေကွင်းအတွင်းတွင် တည်ရှိပါသည်။ စေတီတော်၏ ဂန္ဓကုဋီတိုက်အတွင်းတွင် သမိုင်းဝင် ရှေးဟောင်းငါးထပ်ဆင်းတုတော် ကိန်းဝပ်နေပါသည်။ ယင်းဆင်းတုတော်သည် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် ငါးခေတ်လက်ရာ အဆင့်ဆင့် အထပ်ထပ်ပူဇော်ထားသည့် ရှေးမြန်မာမင်းများ ကုသိုလ်တော် ရှင်ပင်ရွှေဆပ်သွားဘုရားကြီးဖြစ်ပါသည်။ စေတီတော်၏ မူလဒါယကာမှာ သီရိဓမ္မာသောကမင်းကြီးဖြစ်ပြီး အနော်ရထာမင်းကြီး မူလမုဋ္ဌောစေတီတော်ကို ငုံကာ ၉ တောင်ပြည့်ရှင်ပင်ရွှေဆပ်သွားစေတီတော်ကို တည်ထားခဲ့ပါသည်။ စေတီတည်စဉ် အမည်မသိအဖိုးအို သူတော်စင်နှစ်ဦးမှ ဆပ်သွားဖူးနှစ်ဖူး ဆက်သလာခြင်းကြောင့်လည်းကောင်း၊ စေတီတော်အတွင်း ဌာပနာသွင်းမည့် ဘုရားရှင်၏ ဓာတ်တော်များမှ ဆပ်သွားဖူးရနံ့များသင်းပျံ့မွှေးကြိုင်ခဲ့သဖြင့် ဆပ်သွားစေတီဟု ဘွဲ့တော်အမည်တွင်ကြောင်း မှတ်သားရပါသည်။ ထို့နောက် အင်းဝကျော်စွာမင်းလက်ထက်တွင် တစ်ကြိမ်၊ ကုန်းဘောင်ခေတ် အမရပူရဆရာတော် ဥူးဇိနမထေရ်မြတ်က တစ်ကြိမ်၊ ရသေ့ဦးခန္တီမှ တစ်ကြိမ် ထမ်မံငုံကာ တည်ထားခဲ့ကြပါသည်။