ရှင်မွှေးလွန်း မျှော်တော်ယောင်လွမ်းစေတီ

Listing Description

ရှင်မွှေးလွန်းမျှော်တော်ယောင်လွမ်းစေတီသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ ရန်ကုန်-သန်လျင် အမှတ်(၁) တံတားထိပ်အနီး၊ သန်လျင်ရေနံချက်စက်ရုံဝန်းအတွင်းဘက် ၉၉ပေမြင့်သော ကုန်းမြင့်ထက်တွင် တည်ရှိပါသည်။ သန်လျင်မြို့၏ ရာဇဝင်ထဲမှ ရှင်မွှေးလွန်းနှင့် မင်းနန္ဒာတို့လွမ်းဆွတ်ခြင်း အထိမ်းအမှတ် တည်ထားသော စေတီတစ်ဆူဖြစ်ပြီး ဉာဏ်တော် ၅၄ အမြင့်ရှိကာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ထားပါသည်။ စေတီတော်သည် မူလက ကိုးတောင်ပြည့်စေတီငယ်တစ်ဆူ ဖြစ်ခဲ့ပြီး ဆရာတော်ဦးသီလနှင့် ဆွေတော်မျိုးတော်များက အဆင့်ဆင့် ပြုပြင်မွမ်းမံတည်ထားခဲ့ကြောင်း သိရပါသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် စေတီတော်၏ ထီးတော်ယိုင်ခဲ့ကာ အရံစေတီတစ်ချို့လည်း ပွန်းပဲ့ပျက်စီးခဲ့ရသဖြင့် စေတီတော်အား ဘက်စုံပြုပြင်မွမ်းမံခဲ့ရာ ၂ဝဝ၈ ခုနှစ် ဇူလိုင်လတွင် ပြီးစီးပြီး နိုဝင်ဘာ ၁၂ ရက်တွင် ဘုရားအနေကဇာတင်ပွဲ ကျင်းပနိုင်ခဲ့ကြောင်း ကမ္ပည်းကျောက်စာအရ သိရပါသည်။ စေတီတော်အနီးရှိ အသည်းပုံရေကန်သည် ရှေးယခင်က သန်လျင်မြို့နေပြည်သူများ သောက်သုံးရေကန်အဖြစ် အသုံးပြုခဲ့သည်ဟု သိရပါသည်။