သက်တော်ရှည်စေတီ

Listing Description

သက်တော်ရှည်စေတီသည် နန်းတော်ကုန်း၏အနောက်ဘက် တစ်မိုင်ခန့်အကွာ ပေ ၅၀ ခန့်မြင့်သော ရွက်ကားတောင်ကုန်းပေါ်တွင် တည်ရှိသည်။ ဘုရင်မင်းစောအိုသည် ကောဇာသက္ကရာဇ် ၈၇၇ ခုနှစ် (အေဒီ ၁၅၁၅)တွင် မင်္ဂလာအောင်မြေနင်း၍ မိမိနှင့် လူ၊ နတ်၊ ဗြဟ္မာသတ္တဝါအပေါင်း ကျန်းမာသက်ရှည်ကြစေရန် ဆုတောင်းလျက် ဤစေတီကို စတင်တည်ထားကိုးကွယ်ခဲ့သည်။ မင်းစောအိုသည် အသက်အရွယ်ကြီးရင့်ပြီးမှ ထီးနန်းစိုးစံခဲ့ရရာ ၆ လသာ ထီးနန်းစိုးစံခဲ့ရသဖြင့် စေတီတော်အား ပြီးမြောက်အောင်မြင်အောင် မတည်နိုင်ခဲ့ပေ။ ဘုရင် မင်းခေါင်ရာဇာသည် ကောဇာသက္ကရာဇ် ၈၈၇ ခုနှစ် (အေဒီ ၁၅၂၅)တွင် ဤသက်တော်ရှည်စေတီကို ပြီးစီးအောင်တည်ထားခဲ့သည်။ စေတီတော်မှာ ဂူပါသော ထုချွန်ပုံဖြစ်ပြီး စေတီတော်အနီးတွင် ကျောက်ဆင်းတုတော်ကြီး တစ်ဆူကို ဖူးမြော်နိုင်သည်။