နန်းကျားဘုရားကြီး

Listing Description

မြောက်ဦးမြို့နယ်၊ လောင်းကြက်မြို့ဟောင်းအနီး၊ မြောက်ဦး - မြောင်းဘွေသွား ကားလမ်း၏ လက်ယာဘက် နန်းကးရွာအနီးတွင် တည်ရှိသည်။ နန်းကျားကြီးဘုရင်နှင့် မိဖုရားစောပို့မယ်ဒေဝီတို့က ကောဇာသက္ကရာဇ် ၆၃၅ ခုနှစ် (အေဒီ ၁၂၇၃)တွင် ဤနန်းကျားဘုရားကို အဉ္စနနဒီလေးမြို့မြစ်၏ ကမ်းနဖူးတွင် ဂူတော်ကြီးဖြင့် တည်ထားကိုးကွယ်ခဲ့သည်။ နှစ်ကာလကြာလာသောအခါ မြစ်ကမ်းနဖူးကို ရေတိုက်စား၍ ဂူတော်ကြီး ပြိုပျက်သဖြင့် ပြည်သူများက ယခုလက်ရှိနေရာသို့ ပြောင်းရွှေ့ကာ သိမ်တော်ဖြင့် တည်ထားကိုးကွယ်ခဲ့ကြသည်။ နန်းကျားဘုရားသည် ကျောက်ဆင်းတုတော်ဖြစ်ပြီး အရံဆင်းတုတော်နှစ်ဆူနှင့်အတူ သိမ်တော်၌ ကိန်းဝပ်လျက်ရှိသည်။