ကတ္တော်သိမ်

Listing Description

မြောက်ဦးမြို့မှ အရှေ့တောင်ဘက် ၁၆ မိုင်ကွာဝေးသော ခမောင်တက်ကျေးရွာ၏မြောက်ဘက် တစ်မိုင်ခန့်အကွာ ကွင်ပြင်ရှိကုန်းမြင့်၌ တည်ရှိသည်။ ကောဇာသက္ကရာဇ် ၁၀၈၅ ခုနှစ် (အေဒီ ၁၇၂၃) တွင် ဘုရင် စန္ဒဝိဇယရာဇာက ဤကတ္တော်သိမ်နှင့်ဘုရားများကို တည်ထားခဲ့သည်။ ဘုရားရင်ပြင်တွင် ဤကတ္တော်သိမ်အတွက် မြေလှူခဲ့သော မြေလှူမိန့်ကျောက်စာ ၂ ချပ်ကိုတွေ့ရသည်။ သိမ်တော်မှာ ပျက်စီးသွားခဲ့ရာ ယခုအခါ သိမ်တော်ငယ်ဆောက်လုပ်ထားရှိသည်။ သိမ်တွင်း သိမ်ပြင်တို့တွင် ဗုဒ္ဓရုပ်ပွားတော်များနှင့် အခြားရုပ်ထုများကို အများအပြားတွေ့ရသည်။ ဤသိမ်မှ ရရှိသော ကျောက်ဆစ်လက်ရာအချို့ကို မြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက်တွင် ပြသထားရှိသည်။