ဝေဘူလတောင်ပေါ်စေတီ

Listing Description

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဝေဘူလတောင်ပေါ်တွင် တည်ရှိပါသည်။ ဝေဘူလတောင်သည် ယခင်က ရဟန္တာတောင်ဟုလည်းကောင်း၊ ကေလာသတောင်ဟုလည်းကောင်း ထင်ရှားခဲ့ပါသည်။ သက္ကရာဇ် ၁၃၂၁ ခုနှစ်တွင် မိုးကောင်းမြို့မှ ဒေဝဆရာတော်ဘုရားက ကေလာသတောင်ထိပ်ရှိ အောင်မြေနေရာတွင် စေတီတစ်ဆူတည်ထားပြီး တောင်တန်းတစ်လျှောက်၌ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထိုအချိန်မှစတင်၍ ကေလာသတောင်သည် ဝေဘူလတောင်ဟူ၍ အမည်ပြောင်းလဲကာ ပိုမိုထင်ရှားလာခဲ့ပါသည်။ ဒေ၀ဆရာတော်ဘုရားဦးစီး၍ တည်ထားသော ဝေဘူလတောင်ပေါ်စေတီတော်မှာ မုခ်၀ ၄ ခုရှိပြီး ဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီ ထားရှိပူဇော်ထားပါသည်။ စေတီတော်၏ဘွဲ့အား အောင်တော်မူရှင်ဟု သမုတ်ခဲ့ပြီး အရိယာဓာတ်လွှမ်းခြုံထားသော အောင်မြေအရပ်ဖြစ်သဖြင့် ဝေဘူလတောင်၌ အဓိဌာန်၀င်ကြသူတို့မှာ ဆုတောင်းပြည့်ဝသည်ဟု ယုံကြည်ကြပါသည်။