သခင်ကိုယ်တော်မှိုင်းဂူဗိမာန်

Listing Description

မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖက်ဖက်မှ အားထုတ်ကြိုးပမ်းခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးစတာလင်ဆုရှင် သခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန်သည် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တောင်ဘက်မုခ်အနီး ကန်တော်မင် ဥယျာဉ်ဝင်းထဲတွင် တည်ရှိပါသည်။ သခင်ကိုယ်တော်မှိုင်းကို ၁၈၇၆ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် ပြည်မြို့အနီး၊ ရွှေတောင်မြို့နယ် ဝါးလယ်ရွာတွင် မွေးဖွားခဲ့ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားယဉ်ကျေးမှုအစဉ်အလာများကို ဖော်ထုတ်ပြသသော ဆောင်းပါးများ၊ ကဗျာများကို မစ္စတာမောင်မှိုင်းဟုဆိုသော ကလောင်အမည်ဖြင့် ရေးသားခဲ့ပါသည်။ ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်များ ဖြစ်ပွားနေချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖက်ဖက်မှ အားထုတ်ကြိုးပမ်းခဲ့သူလည်း ဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ရက် မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးစတာလင်ဆုကို ချီးမြှင့်ခံခဲ့ရပါသည်။ သခင်ကိုယ်တော်မှိုင်းသည် ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ အသက် ၈၈ နှစ်တွင် ကွယ်လွန်ခဲ့ရာ ကြွင်းကျန်သည့် ရုပ်ကလပ်ကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီး ကန်တော်မင် ဥယျာဉ်ဝင်းအတွင်း စုဖုရားလတ်ဦးသန့်ဒေါ်ခင်ကြည်တို့၏ ဂူဗိမာန်အနီးတွင် ဂူဗိမာန်တည်ဆောက်ပြီး ထားရှိခဲ့ပါသည်။