မိုးယွန်းကြီးအင်း

Listing Description

မိုးယွန်းကြီးအင်းသည် ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်အတွင်း တည်ရှိပြီး ရန်ကုန်-မန္တလေး မော်တော်ကားလမ်းအတိုင်း ၆၉ မိုင်ခန့်အကွာ ပျဉ်ပုံကြီးရွာအလွန်မှ အရှေ့ဘက်သို့ ၆ ဖာလုံခန့် ဝင်ရောက်လျှင် အင်းသို့ ရောက်သည်။ မိုးယွန်းကြီးအင်းကို ၁၉၀၄ တွင်တူးဖော်ခဲ့သည်။ ပြန့်ပြူးသောမြေနေရာဖြစ်ပြီး မိုးရာသီတွင် ရေဝပ်ခါ နွေရာသီတွင်တော့ ရေခမ်းလေ့ရှိသည်။ မိုးယွန်းကြီးအင်းဘေးမဲ့တောကို ဒေသတွင်းငှက်များနှင့် ဆောင်းခိုငှက်များ၏ ကျက်စားရာနေရာဒေသများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့သည်။ ဘေးမဲ့တောမှာ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၄၀၊ ဧက ၂၅၆၀၀ ကျယ်ဝန်းပြီး ‘မိုးယွန်းကြီးအင်း ဘေးမဲ့တော’ အဖြစ် ၁၉၈၈ ခုနှစ် ဧပြီ ၂၂ရက်တွင် သတ်မှတ်ခဲ့ပါသည်။ မိုးယွန်းကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် နိုင်ငံပေါင်း ၁၆၈ နိုင်ငံ ပါဝင်ဖွဲ့စည်းထားသော ရေတိမ်ဒေသများဆိုင်ရာ ကွန်ဗင်းရှင်း (ရမ်ဆာကွန်ဗင်းရှင်း)မှ သတ်မှတ်သည့် “ရမ်ဆာရေဝပ်ဒေသများ” ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။း ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ ၁၂ မျိုး၊ ကုန်းရေနေနှင့် တွားသွားသတ္တဝါ ၂၈ မျိုး၊ အင်းဆက် ၃၃ မျိုး ဆောင်းခိုငှက် ၅၉ မျိုး၊ ဒေသတွင်း ဌာနေငှက် ၇၇ မျိုး၊ ငါးမျိုးစိတ် ၄၄ မျိုးတို့ ပါဝင်ကျက်စားလျက်ရှိပြီး ရေနေပင် ၇၄ မျိုးတို့ ပေါက်ရောက်လျက်ရှိကြောင်း မိုးယွန်းကြီးအင်း မှတ်တမ်းများအရ သိရပါသည်။