ဣစ္ဆာသယ ဂူဘုရားနှစ်ဆူ

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် စောင်းတန်းခြေရင်း ဘီလူးရုပ်ကြီးများ နောက်ကျောတွင် ဂူပြာသာဒ် နှစ်ခုနှင့် သီတင်းသုံးနေသော မတ်ရပ်ရုပ်ပွားတော်နှစ်ဆူဖြစ်သည်။ ဘီလူးရုပ်ကြီးများနှင့်အတူ လှူဒါန်းခဲ့သော သာယာဝတီမင်း၏ ကောင်းမှူဖြစ်သည်။ ဂူပြာသာဒ်များ၏ အဝတွင် ယက္ခမယ်များ၊ နဂါးမယ်များ၊ ဂဠုန်မယ်များနှင့် နတ်သမီးများ၏ ရုပ်လုံးများကို မြင့်မိုရ်တောင်ခါးပန်း အဆင့်ဆင့်၌ ပြုလုပ်ထားသည်။ ခြင်္သေ့ရုပ်ကြီးများ မရှိခင်အချိန်က ထိုတောင်ခါးပန်းနှင့် အုတ်သားမုခ်ဦးကြီးမှာ တောင်ဘက်မုခ်၏ စောင်းတန်းမုခ်ဦး ဖြစ်သည်။