သရဘဂူဘုရား(သို့)ပြဒါးရှင်ဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိစေတီတစ်ဆူ၏ တောင်ဘက်မုခ်အတွင်းရှိ ကြေးဆင်းတုတော်ဖြစ်သည်။ အလွန်အချိုးအစားကျနပြေပြစ်လှသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သရဘဂုရှင်ရသေ့သည် ပြဒါးရှင် ဓာတ်လုံးတစ်လုံး ဋ္ဌာပနာ၍ တည်ထားခဲ့သည့်အတွက် နဖူးတော်တွင် မို့မောက်နေသည်ဟု ပြောစမှတ်ပြုကြသည်။ အဆိုပါပြဒါးရှင်လုံးသည် ဇီးဖြူသီးအလုံးသေးပမာဏခန့်ဖြစ်ပါသည်။ လူတိုင်းသရဘဂူဘုရားဆိုလျှင် မသိနိုင်တော့ဘဲ ပြဒါးရှင်ဘုရားအနေဖြင့်သာ သိရှိပါတော့သည်။  မကိုဋ်တော်၊ စလွယ်တော်များ ဆင်ယင်လျက် အချိုးအစား ကျနစွာ သွန်းလုပ်ထားသော ကြေးဆင်းတုတော် ဖြစ်သည်။အဆိုပါကြေးဆင်းတုတော်မှာ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ဆင်းတုတော်များအနက် အလွန်ကြည်ညိုဖွယ်ကောင်းလှသော ဆင်းတုတော်လည်းဖြစ်ပါသည်။