ဒေါ်ခင်ကြည်ဂူဗိမာန်

Listing Description

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ ဂူဗိမာန်သည် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုခ်အနီး ကန်တော်မင်ဥယျာဉ်အတွင်း စုဖုရားလတ်ဂူဗိမာန်နှင့် သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်အကြားတွင် တည်ရှိပါသည်။ ဒေါ်ခင်ကြည်သည် ၁၉၄၇ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိ မြန်မာ အမျိုးသမီးညွှန်ကြားရေးဝန်အဖြစ်လည်ကောင်း၊ ၁၉၅၃ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ လူမှုဝန်ထမ်းစီမံကိန်းကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည်သည် ကျန်းမာရေး လူမှုရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တက်ရောက်ခဲ့ရာ ကိုလံဘို ညီလာခံတွင် ညီလာခံ သဘာပတိအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။ ဒေါ်ခင်ကြည်သည် ၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဖြစ်လာခဲ့ကာ နီပေါနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ်ပါ ပူးတွဲ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီး သံအမတ်ကြီးအဖြစ် ခုနစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၆၇ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီး ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပါသည်။ ကြွင်းကျန်သည့် ရုပ်ကလပ်ကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီး ကန်တော်မင် ဥယျာဉ်ဝင်းအတွင်း စုဖုရားလတ်ဦးသန့်သခင်ကိုယ်တော်မှိုင်း တို့၏ ဂူဗိမာန်အနီးတွင် ဂူဗိမာန်တည်ဆောက်ပြီး ထားရှိခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်ကာ ဒေါ်ခင်ကြည်သည် တိုင်းကျိုးပြည်ပြု လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုကြောင့် ပြည်တွင်းပြည်ပ ဆုတံဆိပ်များကို ရရှိခဲ့ပါသည်။