သန်လျင် - ရန်ကုန် အမှတ်(၃)တံတား ၆၀ ရာခိုင်နှုန်း ပြီးစီး

Listing Description

ရန်ကုန်     ဒီဇင်ဘာ   ၂၄

ပဲခူးမြစ်​ကိုဖြတ်​ကျော်၍  သာ​ကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်စပ်​ပေးမည့် သန်လျင်-ရန်ကုန်  အမှတ်(၃) တံတားကြီးတည်​ဆောက်မှုမှာ  ၆၀  ရာခိုင်နှုန်းခန့်  ပြီးစီး​နေပြီး    တံတား တည်​ဆောက်မှုအားလုံး ၂၀၂၂  ခုနှစ်​ ဖေ​ဖော်ဝါရီတွင် ပြီးစီးနိုင်မည်ဖြစ်​ကြောင်း သန်လျင်မြို့နယ် အမှတ်(၂) တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက​ ပြောကြားသည်။

တံတားတည်​ဆောက်​ရေးလုပ်ငန်းခွင်သို့   သန်လျင်မြို့နယ်မှ လွှတ်​တော်ကိုယ်စားလှယ်များနှင့် မြို့နယ်မှတာ၀န်ရှိသူများ  ဒီဇင်ဘာ  ၂၁ ရက်က သွား​ရောက်​လေ့လာရာတွင် မြန်မာ့အလင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။                                                  

တံတားကြီးကို  အပိုင်းသုံးပိုင်း ခွဲခြား  တည်​ဆောက်လျက်ရှိသည်။   တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စား လှယ် ဦး​အောင်နိုင်ထွန်းက ‘‘တံတား ကြီးကို အပိုင်းသုံးပိုင်း   ပိုင်းဖြတ်ပြီး    တည်​ဆောက်​နေတာပါ။   Package 1,2,3 ဆိုပြီး​တော့​ပေါ့၊ Package 1 နဲ့ 2 ကို ၂၀၁၉ ခုနှစ်    ဇန်နဝါရီလအတွင်းက စတင်ခဲ့တာပါ။ ၂၀၂၂ ခုနှစ်​ ဖေ​ဖော်ဝါရီ ထဲမှာ ပြီးဖို့လျာထားတယ်။ Package  3 ကို​တော့   ၂၀၁၉    ​မေလအတွင်းက စတယ်။ ၂၀၂၁ ခုနှစ်​ မေလထဲမှာ ပြီးစီး မယ်လို့ လျာထားချက်ရှိပါတယ်။

‘‘Package 1 က သန်လျင်ဘက် အခြမ်းမှာပါ။  မြစ်ထဲအထိ​ပေါ့။  ၁၃၁၂ မီတာရှည်မယ်။  Package  2   က ၁၃၆၃ မီတာရှည်မယ် ။     တစ်ဖက်ကမ်း (သာ​ကေတ)      ​ရောက်တဲ့အထိ​ပေါ့။ Package 3 က ၈၂၅ မီတာရှည်မယ်။ သာ​ကေတကုန်း​ပေါ်    အဝိုင်းထိပ်နား အထိ​လောက်ကို  မိုးပျံတံတားပုံစံနဲ့ သွားမှာ​ပါ။

‘‘အခု​လော​လောဆယ် Package 1 ရဲ့ ပြီးစီးမှုက ပြီးခဲ့တဲ့  နို၀င်ဘာလ ကုန်အထိ​  ၄၉ ဒသမ ၅၉ ရာခိုင်နှုန်း ပြီးစီး​နေပါပြီ။       နဂိုရည်မှန်းချက်က ၆၂ ဒသမ ၆၃ ရာခိုင်နှုန်းပါ။ ဒါ​ပေမယ့် ကိုဗစ်​ကြောင့်    လုပ်ငန်းတုံ့ဆိုင်းမှု​ လေး​တွေ ရှိခဲ့တဲ့အတွက်ပါ။

‘‘Package 2 ကလည်း  ပြီးခဲ့တဲ့ နို၀င်ဘာလအကုန်မှာ ၆၃ ဒသမ  ၉၆ ရာခိုင်နှုန်းပြီးဖို့​   မျှော်မှန်းခဲ့​ပေမယ့် ၅၀ ဒသမ ၀၆ ရာခိုင်နှုန်းပဲ    ပြီးစီးမှု ရှိခဲ့ပါတယ်၊။ Package  3 က  အခု နို၀င် ဘာလကုန်မှာ    သူတို့မှန်းထားတဲ့ ၇၈ ဒသမ ၈၆ ရာခိုင်နှုန်းထက် ပိုပါ တယ်။ ၈၃ ဒသမ ၇၇ ရာခိုင်နှုန်းပြီးစီး သွားပါပြီ။ တံတားတစ်ခုလုံးရဲ့ ပြီးစီး မှုကို   ခြုံ​ပြောရရင်​တော့ ၆၀ ရာခိုင်နှုန်း နီးပါးအထိ  ပြီးစီး​နေ​ပြီလို့   ဆိုရမှာ ဖြစ်ပါတယ်’’ဟု ရှင်းပြသည်။

သန်လျင်-ရန်ကုန်   အမှတ်(၃)တံတားကို​   ဆောက်လုပ်​ရေး၀န်ကြီး ဌာန တံတားဦးစီးဌာနက  တာ၀န်ခံ၍ ဂျပန်နိုင်ငံမှ   ကုမ္ပဏီများဖြစ်သည့် Sumitomo Mitsui Construction နှင့်  Yokogawa Bridge တို့က Package 1နှင့် 2 ကို လည်း​ကောင်း၊ Package 3 ကို  Tokyu  Construction   တို့က တည်​ဆောက်​နေခြင်းဖြစ်​ကြောင်း သိရ သည်။

အမှတ်(၃)   သန်လျင်-ရန်ကုန် တံတားသစ်ကြီးကို   လက်ရှိတံတား​ဟောင်းတစ်ခုဖြစ်သည့်    သန်လျင် အမှတ်(၁)တံတားနှင့်ယှဉ်လျက် မီတာ ၁၂၅ အကွာတွင်      တည်​ဆောက်​နေ ခြင်းဖြစ်သည်။  အမှတ်(၃) တံတား သစ်ကြီး    ပြီးစီးပါကလည်း     တံတား အ​ဟောင်းကို   ဆက်လက်အသုံးပြု သွား​နေဦးမည်ဟု သိရသည်။

တံတားကြီး   တည်​ဆောက်ပြီး ဖွင့်လှစ်နိုင်ပါက    မြို့နယ်၏      ဖွံ့ဖြိုး တိုးတက်မှုနှင့်ပတ်သက်၍ တိုင်း​ဒေသ ကြီး    လွှတ်​တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ‘‘ကျွန်​တော်တို့  သန်လျင်မြို့နယ်ကို အ​တော်များများ က       ဒုတိယပြင်ဦးလွင်လို့ တင်စား​ခေါ်​ဝေါ်ကြတယ်။         အေးချမ်းပြီး​   နေထိုင်လို့​ကောင်းတဲ့​ ရှေး​​ဟောင်းမြို့​လေးတစ်မြို့ပါ။ အလုပ်က အငြိမ်းစား ယူပြီးတဲ့၀န်ထမ်း​တွေက    ကြိုက်ကြ တယ်။     စီးပွား​ရေးလုပ်ဖို့ကျ​တော့ မြစ်ခြား​နေတာရယ်၊ တံတားအခက် အခဲ​ကြောင့်   စဉ်းစားကြတယ်။ အခု ဆို    သီလဝါအထူးစီးပွားရေးဇုန်ကြီး​   ပေါ်လာတဲ့အပြင်  JICA   အကူအညီ နဲ့    ကျိုက်​ခေါက်ဘုရားလမ်းကြီးက လည်း နိုင်ငံတကာအဆင့်မီရှိလာပြီ။အခုဒီတံတားသစ်ကြီးကလည်း မကြာ မီပြီး​တော့မှာမို့   သန်လျင်နဲ့ ၀န်းကျင် တစ်ခွင်က​တော့  ဖွံ့ဖြိုးမှု​တွေနဲ့အတူ တိုးတက်လာ​တော့မှာပါ’’ဟု    ပြော သည်။ 

တင်၀င်း​လေး(ကြည့်မြင်တိုင်)