ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်

Listing Description

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (University of East Yangon) သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအနီးတွင် တည်ရှိပြီး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တစ်ခုဖြစ်သည်။ ဧရိယာ ၀.၂၃၆၈၇၅ စတုရန်းမိုင်ကျယ်ဝန်းပါသည်။ တက္ကသိုလ်ကို သန်လျင်ကောလိပ်အဖြစ် ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပါသည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ဝိဇ္ဇာဌာန ၁၂ ခုနှင့် သိပ္ပံဌာန ၇ ခု စုစုပေါင်း ဌာန ၁၉ ခုရှိပါသည်။