လင်းနို့ဂူ

Listing Description

ကရင်ပြည်နယ် ဘားအံမြို့ သံလွင်တံတားဘေး မြိုင်ကျေးရွာအနီးတည်ရှိသည့် လင်းနို့ မျိုးစိတ် ၁၀ မျိုးခန့် အကောင်အရေအတွက်သန်းနှင့်ချီပြီး နေထိုင်သည့် ဂူတစ်ဂူဖြစ်ပါသည်။ ညနေနေဝင်ချိန်တွင် သန်းနှင့်ချီသော လင်းနို့များမှာ ကျောက်ဆောင်ဂူဝမှထွက်လာတတ်ပြီး သံလွင်မြစ်ကြောင်းတစ်လျှောက် ရေသောက်ဆင်းကြပါသည်။ သဘာဝကို ချစ်မြတ်နိုးသူများ သွားရောက် လေ့လာကြည့်ရှု့သင့်သော နေရာကောင်း တစ်ခုဖြစ်ပါသည်။