သန်လျင်တံတား

Listing Description

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ပေးထားသော တံတားဖြစ်သည်။ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ ပေါင်းဆုံရာနေရာမှ အရှေ့မြောက်ဘက် ၄၂ ကီလိုမီတာခန့်အကွာရှိ ပဲခူးမြစ်ကို ဖြတ်သန်းတည်ဆောက်ထားခြင်း ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ တံတား၏ စုစုပေါင်းအရှည်မှာ ၂ ဒသမ ၂ ကီလိုမီတာရှိသည်။ တံတားအလယ်တွင် မီးရထား လမ်းတစ်ခုပါရှိကာ ဘေးနှစ်ဖက်တွင် တစ်လမ်းသွား ကား လမ်းတစ်ခုစီ ပါရှိသည်။ ရေလည်တိုင် ၁၄ တိုင် ဖြစ်သည်။