စည်းခုံကြီးစေတီတော်

Listing Description

စည်းခုံကြီးစေတီတော်သည် မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်၊ ပဌမကျော်ဘုန်းကြီးကျောင်းဝင်းအတွင်း တည်ရှိပါသည်။ ဉာဏ်တော် ၅၄ ပေအမြင့်ရှိစေတီတော်တစ်ဆူဖြစ်ပါသည်။ ပုဂံခေတ် နရပတိစည်သူမင်း လက်ထက်တွင် တည်ထားခဲ့ပြီး မြစည်းခုံဘုရားဟုလည်း အမည်တွင်ခဲ့ကြောင်း မှတ်သားရပါသည်။ ဗဒုံမင်းမှ မိတ္ထီလာကန်ကို ပြန်လည်ဆည်ဖို့စဉ် သားတော်စစ်ကိုင်းမင်းမှ စည်းခုံကြီးစေတီတော်အား ၁၉၀၁ ခုနှစ်တွင် ပြုပြင်တည်ဆောက်ခဲ့ပါသည်။