မိတ္ထီလာတက္ကသိုလ်

Listing Description

မိတ္ထီလာတက္ကသိုလ်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကန်၏ အနောက်ဖက် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမကြီး ဘေးတွင်တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ မိတ္ထီလာတက္ကသိုလ်သည် မန္တလေးတိုင်းဒေသကြီး ကောလိပ်အဖြစ် ၁၉၇၇ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် မိတ္ထီလာဒေသကောလိပ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် မိတ္ထီလာကောလိပ်အဖြစ် ပြန်လည်ပြောင်းလဲခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် မိတ္ထီလာဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မိတ္ထီလာတက္ကသိုလ် အဖြစ်သို့ပြောင်းလဲခဲ့ပါသည်။ တက္ကသိုလ် ပရဝုဏ်အကျယ်အဝန်း ၁၈.၅၄ ဟက်တာကျယ်ဝန်းပါသည်။ မိတ္ထီလာတက္ကသိုလ်မှ ဝိဇ္ဇာ/ သိပ္ပံဘွဲ့များဖြစ်သော (B.A), (B.Sc.), B.A.(Hons), B.Sc.(Hons), (M.A)., (M.Sc). (M.Res) ဘွဲ့များကို နှစ်စဉ်ပေးအပ်ပါသည်။ တက္ကသိုလ်ကျောင်းစာကြည့်တိုက်တွင် မြန်မာစာအုပ် (၁၇၃၆၃)အုပ်၊ အင်္ဂလိပ်စာအုပ် (၂၀၁၅၅)အုပ်၊ မြန်မာမဂ္ဂဇင်း(၃၅၀၉)အုပ်၊ အသစ်ရေးသားပြုစုထားသည့် ကျမ်း(၅၀၀)အုပ်တို့ရှိပါသည်။