ဆယ်တော်မူဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ဆောင်းတန်းအနီး တည်ရှိသည်။ ဆင်းတုတော်၏ မူလဒါယကာမှာ မြန်မာတိုင်းရင်းဆေးဆရာကြီး ဆရာမြိုင် ဖြစ်သည်။ တန်ဆောင်းအတွင်း ရုပ်ပွားတော် အဆူဆူရှိသည့်အနက် မင်းမြောက်တန်ဆာ ဆင်ယင်သော ဉာဏ်တော် ၂ ပေ ခန့်ရှိသည့် ထိုင်တော်မူ ရုပ်ပွားတော်ဖြစ်သည်။ စက္ခုန္ဒြေချသော မျက်လုံးတော်သည် ရံဖန်ရံခါ၌ ထူးခြားစွာ ဖွင့်တော်မူသည်။ မျက်လုံးတော်ဖွင့်၍ အပူဇော်ခံသည့် ဓာတ်ပုံနှစ်ပုံကို ထိုတန်ဆောင်းထဲ၌ ပြသထား၏။