ဆုတောင်းပြည့်ဘုရား

Listing Description

ဆုတောင်းပြည့်ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၏ တောင်ဘက်၊ သာသနာဗိမာန်အနီးတွင် တည်ရှိပါသည်။ ဆုတောင်းပြည့်စေတီကို ပုဂံခေတ်နရပတိစည်သူမင်းတည်ခဲ့သည်ဟု မှတ်သားရပြီး မြန်မာသက္ကရာဇ် ၁၂၅၀ ခုနှစ်၊ ခရစ်နှစ် ၁၇၉၆ ခုနှစ်တွင် ဘိုးတော်ခေါ် ဗဒုံမင်းလက်ထက်တွင် ဒုတိယအကြိမ် ပြုပြင်ခဲ့ပါသည်။ စေတီတော်သည် ဖိနပ်တော်အချင်း သံ ၄၆ တောင်၊ ဉာဏ်တော် စိန်ဖူးတော်ထိ ၃၂ တောင်ရှိပါသည်။ စေတီတော်၏ ပြဿာဒ်တန်ဆောင်းအပေါ်ထပ်တွင် ယခုအခါ ရွှေတိဂုံပုံတူ စတီးရွှေတိဂုံစေတီတော်ကိုလည်း ဖူးမြော်နိုင်ပါသည်။