မိတ္ထီလာပညာရေးကောလိပ်

Listing Description

မိတ္ထီလာပညာရေးကောလိပ်သည် မန္ထလေးတိုင်းဒေသကြီး၊ မိတ္ထှီလာမြို့နယ်၊ ပေါက်ချောင်းရပ်ကွက်တွင် တည်ရှိပါသည်။ မြေနေရာအကျယ်အဝန်းမှာ ၂၆.၆၁၃ ဧကကျယ်ဝန်းပါသည်။ မိတ္ထီလာ ဆရာအတတ်သင်ကျောင်းကို (၁.၁၀.၁၉၅၃)တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းခွင်ရှိ ဆရာ၊ ဆရာမများကို ဆရာအတတ်ပညာများ သင်ကြားပေးခဲ့ပါသည်။ မိတ္ထီလာဆရာအတတ်သင်ကျောင်းကို (၁.၁၂.၁၉၉၈)တွင် မိတ္ထီလာပညာရေးကောလိပ် အဆင့်(၂) အဖြစ် စတင်ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ (၁၆.၁.၂၀၀၄)တွင် မိတ္ထီလာပညာရေး ကောလိပ် အဆင့်(၁) အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ တက္ကသိုလ်ဝင်တန်းအောင် သင်တန်းသား၊ သင်တန်းသူများကို စတင်လက်ခံသင်ကြားပေးပြီး မူလတန်းပြ ဆရာ၊ ဆရာမများကို မွေးထုတ်ပေးခဲ့ပါသည်။

ကျောင်းအပ်နှံလျှင်လိုအပ်သည့်အရာများ -

- တက်ရောက်ခွင့်ရရှိကြောင်းအကြောင်းကြားစာ

- ၁၀တန်းအောင်လက်မှတ်

- အမှတ်စာရင်း

- ကာယကံရှင်မှတ်ပုံတင်

- မိဘ(၂)ပါးမှတ်ပုံတင်

- ဆေးစာ

- အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာ