ဝမ်းတွင်းမြို့နယ်၌ ဓာတ်အားခွဲရုံတည်ဆောက်ပြီးဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေ

Listing Description

မိတ္ထီလာ   နိုဝင်ဘာ   ၂၈

မန္တလေးတိုင်းဒေသကြီး     ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင်ဓာတ်အား ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း  ရာခိုင်နှုန်းပြည့်    ပြီးစီးနေပြီဖြစ်၍    ယင်းရွှေတောင်ဓာတ်အားခွဲရုံ အနီးပတ်ဝန်းကျင်ကျေးရွာများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း    ဝမ်းတွင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

ကျေးလက်ဒေသများတွင်  လျှပ်စစ်မီးလင်း နိုင်ရေးအတွက်  နိုင်ငံတော်က အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်၌ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေး ဝမ်းတွင်းမြို့နယ်    ရွှေတောင်ကျေးရွာအနီး ပတ်ဝန်းကျင်ကျေးရွာများကို   လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်စေရန်  JICA အစီအစဉ်ဖြင့် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး     ကော်ပိုရေးရှင်းက ကြီးကြပ်ပြီး    တင်ဒါအောင်မြင်သည့် Unique Comm Group Co.,Ltd က တာဝန်ယူ၍ ဇန်နဝါရီ ၈ ရက်မှ  စတင်၍   ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံကို တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်ခြင်းလုပ်ငန်းများ ရာခိုင် နှုန်းပြည့်ပြီးစီး၍    အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ လျှပ်စစ်မီးဖြန့်ဖြူးနေပြီဖြစ်သည်။

ရွှေတောင်ဓာတ်အားခွဲရုံမှ လျှပ်စစ်မီး ဖြန့်ဖြူးနေပြီဖြစ်၍ ယင်းရွှေတောင်ဓာတ်အားခွဲ ရုံအနီးပတ်ဝန်းကျင်ရှိ လျှပ်စစ်မီးလင်းပြီး ကျေးရွာ ၁၂ ရွာ  လျှပ်စစ်ဓာတ်အား  ပြည့်ဝစွာ ရရှိသည့်အပြင် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၁၆ ရွာကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး၊  မီးလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယင်းကျေးရွာ များမှာ ယခု ဘဏ္ဍာနှစ်ကုန်တွင် အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်းတွင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ   လက်ထောက် မန်နေဂျာ ဦးခင်မောင်အေး (အင်ဂျင်နီယာ)က ပြောကြားသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)