ကရဝိတ်ဖောင်တော်ဦးစေတီ

Listing Description

ကရဝိတ်ဖောင်တော်ဦးစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မြို့မရပ်တွင် တည်ရှိပါသည်။ ပုဂံခေတ် အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်ရာ ဖောင်တော်ဦးဆိုက်ရာတွင် တည်ထားကိုးကွယ်ခဲ့သည်ဟု ဆိုသော်လည်း ဆရာဦးထွဏ်းလွင်(မိတ္ထီလာ)ရေးသားပြုစုသော မိတ္ထီလာမြို့နယ်ဖြစ်စဉ်သမိုင်းမှတ်တမ်းတွင် ဖောင်တော်ဦးစေတီတော်၏ သမိုင်းမှတ်တမ်း ခိုင်ခိုင်မာမာမတွေ့ရသောကြောင့် ထိုစေတီတော်သည် ကိုလိုနီခေတ်အတွင်း တည်ထားခဲ့သည်ဟု မှန်းဆထားပါသည်။ ဖောင်တော်ဦးစေတီတော်ကို အလှူရှင် အများ၏ကောင်းမှုဖြင့် ပြုပြင်ခဲ့ရာ ယခုအခါ ကရဝိတ်ဖောင်တော်ပုံစံအတွင်း ဉာဏ်တော် ကိုးတောင်ခန့်ရှိ စေတီတော်အား ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပါသည်။ ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တော်သလင်းလတိုင်း အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ဘုရားပွဲတော်တွင် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပလေ့ရှိပါသည်။