မုန်တိုင်ဆည်

Listing Description

မုန်တိုင်ဆည်သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှ အနောက်သို့ ၁၀ မိုင်ခန့်ကွာဝေးသည့် မုန်တိုင်ကျေးရွာအုပ်စုတွင် တည်ရှိပါသည်။ ဆည်တည်ဆောက်မှု စီမံကိန်းကုန်ကျငွေ ကျပ် ၉.၂ သန်းဖြစ်ပြီး ၁၉၆၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ အလျား ၄၂၀၀ ပေ၊ အမြင့် ၆၇ ပေ၊ ကန်ရေပြည့်ရေလှောင်ပမာဏ ၂၇၀၄၅ ဧကပေရှိပြီး မိတ္ထီလာမြို့နယ်တွင် မိတ္ထီလာကန်နှင့် ဆည်ခြောက်ခုရှိရာ မုန်တိုင်ဆည်သည် မိတ္ထီလာကန်သို့ ရေအများဆုံးပို့လွှတ်သည့်ဆည် ဖြစ်ပါသည်။ မုန်တိုင်ဆည်မှ ရေကို ၇.၆၄ မိုင်ရှည်လျားသည့် ရေသွယ်မြောင်းမှတစ်ဆင့် မိတ္ထီလာကန်သို့ ပို့လွှတ်လျက်ရှိသည်။