Little Bagan

Listing Description

သီပေါမြို့ရှိ ထင်ရှားသော ရှေးဟောင်းပုဂံဘုရားများပုံစံကဲ့သို့ ဘုရားစေတီပုထိုးများအစုစုကို ခေါ်ဆိုကြခြင်းဖြစ်သည်။ သီပေါမြို့ မန်မိုက်ကျောင်းစုအတွင်းတည်ရှိသည်။ သီပေါမြို့သို့ရောက်သူတိုင်း မဖြစ်မနေသွားရောက်ကြသော နေရာတစ်ခုလည်းဖြစ်သည်။ ထိုရှေးဟောင်းဘုရားများမှာ မည်သည့်ခေတ်ကာလတွင် မည်သူတည်ထားကိုးကွယ်ခဲ့သည်ကို မသိရသော်လည်း အုတ်ချပ်များနှင့် ပန်းတမော့လက်ရာများကို ကြည့်၍ ရှေးဟောင်းသုတေသနပညာရှင်များ ခွဲခြားခန့်မှန်းနိုင်မည်ဟု ထင်ပါသည်။ စေတီဟောင်းများ၏ အလယ်လောက်တွင် နှစ်ပေါင်းသက်တမ်း ၁၅၀ ကျော်ခန့်ရှိ မဟာနန္ဒကန်သာ ဝါးဗုဒ္ဓဘုန်းကြီးကျောင်းနှင့်အတူ ရွှေသင်္ကန်းကပ်လှူထားသော ဝါးဗုဒ္ဓဆင်းတုတော်ကြီး တစ်ဆူရှိပါသည်။ ထိုနေရာကို ဥရောပတိုက်သားများက မြန်မာနိုင်ငံ၏ အန်ကောဝပ်ဟု တင်စားကြပါသည်။