ရွှေမုဋ္ဌောစေတီ (မြစ်သား)

Listing Description

ရွှေမုဋ္ဌောစေတီသည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ မြို့လယ် ဗိုလ်ချုပ်လမ်းမတွင် တည်ရှိပါသည်။ ရွှေမုဋ္ဌောစေတီတော်ကို သာသနာသက္ကရာဇ် ၂၂၃ ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးမှ တည်ထားကိုးကွယ်ခဲ့ပြီးနောက် အနော်ရထာမင်းကြီးမှ ဒုတိယဘုရားဒါယိကာအဖြစ် ခံယူကာ ထပ်မံပြုပြင်မွန်းမံခဲ့ပါသည်။ ထို့နောက် နယ်ပိုင်ဝန်ထောက်မင်း ဦးရှောင်မှ တတိယအကြိမ်ပြုပြင်မွန်းမံ တည်ထားကိုးကွယ်ခဲ့ပြီး ဘုရားဂေါပကအဖွဲ့အဆက်ဆက်မှ မွမ်းမံထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ ယနေ့အချိန်တွင် ဉာဏ်တော်အမြင့် ၃၇ တောင်ရှိ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲ လဆန်း ၈ ရက်နေ့မှ လပြည့်ကျော် ၂ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။