အုတ်တောင်ချေဘုရားကြီး (ခေါ်) ကုလားချောင်းကျေးရွာဘုရားကြီး

Listing Description

မြောက်ဦးမြို့ မြောက်ဘက်၊ မြောက်ဦး-ကျောက်တော်ကားလမ်းဘေးမှ ၈ မိုင် ဝေးကွာသည့် ပေ ၅၀ ခန့်အမြင့်ရှိ အုတ်တောင်ချေကုန်းမြင့်ပေါ်တွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၉၆ ခုနှစ် (အေဒီ ၁၅၃၄) တွင် ဘုရင်မင်းဗာကြီး တည်ထားကိုးကွယ်ခဲ့သော ကျောက်ညိုဆင်းတုတော်ဖြစ်သည်။ ဆင်းတုတော်သည် ဉာဏ်တော်အမြင့် ၈ ပေ ၉ လက်မရှိသည်။