ကိုးတန်းစေတီများ

Listing Description

မြောက်ဦးမြို့ နန်းတော်ကုန်း၏ အနောက်မြောက်ထောင့် မိုင်ဝက်ခန့်ကွာဝေးသော ပိန္နဲတောင်တန်း၏ တောင်ကုန်း တောင်မော်ပေါ်တွင် တည်ရှိသည်။ ဘုရင်မင်းစောမွန်သည် ကောဇာသက္ကရာဇ် ၇၉၂ ခုနှစ် (အေဒီ ၁၄၃၀) တွင် မြောက်ဦးမြို့ကို စတင်တည်ထောင်စဉ်က အရံမြို့တည်ဘုရားများအဖြစ် ဤစေတီတော်ကိုးဆူကို တန်းစီပြီး တည်ထားခဲ့ခြင်းဖြစ်သည်။