မဟာလောကမာရဇိန်စေတီတော်

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာတွင် တည်ရှိပါသည်။ စေတီတော်ကြီးကို ကုန်းဘောင်ခေတ်နှောင်းပိုင်း သက္ကရာဇ် ၁၂၀၈ ခုနှစ်တွင် ဒုတိယသာသနာပိုင်ဆရာတော် ဦးညေယျက တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် သံတောင် ၇၀ ရှိသည်။ စေတီတော်၏ အရှေ့ဘက်နှင့် အနောက်ဘက်မုခ်ဝများတွင် မြင့်မား၍ ခန့်ညားထည်ဝါသော ခြင်္သေ့ရုပ်တုများရှိပြီး စေတီတော်၏ အုတ်တံတိုင်းမှာလည်း ကုန်းဘောင်ခေတ်လက်ရာအတိုင်း တွေ့မြင်နိုင်ပါသည်။ စေတီတော် ပရိဝုဏ်အတွင်း၌လည်း အများအားဖြင့် ရာမဇာတ်တော်များကို အခြေခံ၍ သဲကျောက်များဖြင့် ထွင်းထုထားသော ရုပ်လုံးရုပ်ကြွများကိုလည်း လေ့လာတွေ့မြင်နိုင်ပါသည်။