အောင်မြေလောကစေတီ

Listing Description

စစ်ကိုင်းမြို့ ထူပါရုံ စေတီတော်၏ အနောက်တောင်ဘက်တွင် အောင်မြေလောက စေတီတော် တည်ရှိသည်။ ဘိုးတော်ဘုရား ဘုရင်မဖြစ်မီ စဉ့်ကူးမင်းလက်ထက်က စစ်ကိုင်းတွင် ဆင်းရဲပင်ပန်းစွာ နေထိုင်ခဲ့ရရာ ထိုစဉ်က နေထိုင်ခဲ့သည့် အိမ်နေရာတွင် ဘုရင်ဖြစ်လာပြီးနောက် ၂၀ ရက် မတ် ၁၇၈၂ တွင် ဉာဏ်တော် ၃၇ တောင်မြင့်သော အောင်မြေလောကစေတီကို တည်ထားကိုးကွယ်သည်။ အိမ်တော်ရာစေတီ၊ ကျောက်စေတီ၊ အောင်မြေလောကစေတီဟူ၍ ဘွဲ့တော်သုံးခုတွင်ခဲ့သည်။ စေတီတော်တွင် ကြေးချိန် ၂၅၀၀ ပိဿာရှိ ခေါင်းလောင်းညီနောင်ကိုလည်း ချိတ်ဆွဲထားရှိပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၈ ရက်နေ့၌ ကျင်းပပါသည်။