စန္ဒမုနိဘုရားကြီးကျောင်းတိုက်

Listing Description

ယခင်က ဗန္ဓုလကျောင်းတိုက်ဟု ခေါ်ဝေါ်ခဲ့သော စန္ဒမုနိဘုရားကြီးကျောင်းတိုက်သည် မြောက်ဦးမြို့ ကျက်ပိတ်တံခါးအနီးနှင့် ရွှေထီးမိုးဘုရားအနီးတွင် တည်ရှိသည်။ ဤကျောင်းတိုက်တွင် ရှေးဟောင်းဘုရားဆင်းတုတော်မုဒြာမျိုးစုံများ၊ ခေတ်အဆက်ဆက် သုံးစွဲခဲ့သော ဒင်္ဂါးများ၊ ရှေးဟောင်းပစ္စည်းအမျိုးမျိုး၊ ဘုရားဓာတ်တော်များ၊ မြောက်ဦးနန်းတော်၏ ကြေးဝါအမိုးပြားစသည်တို့ကို စုံလင်စွာစုဆောင်း ခင်းကျင်းပြသထားရှိသည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို စိတ်ပါဝင်စားတန်ဖိုးထားသူများ မဖြစ်မနေသွားရောက် လေ့လာသင့်သော နေရာတစ်ခုဖြစ်သည်။ ကျောင်းတိုက်တွင် ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်အံတော်မြတ်နှင့် သမိုင်းဝင် မဟာကျန်ဘုရားကြီးတစ်ဆူဖြစ်သော စန္ဒမုနိဆင်းတုတော်ကြီးတို့ကို ဖူးမြော်ကြည်ညိုနိုင်သည်။