ရွှေကြာသိမ်စေတီ

Listing Description

မြောက်ဦးမြို့ အနော်မာဘုရားကြီး၏ အနောက်တောင်ထောင့်အနီးရှိ ကုန်းမြင့်ပေါ်တွင် တည်ရှိပါသည်။ စေတီပစ္စယံများတွင် ကြာပန်းများကို ဘေးတိုက်သီကုံးကာ စေတီပတ်လည်ကို အလှဆင်ထားသကဲ့သို့ ကျောက်ဆစ်အနုလက်ရာဖြင့် ထုဆစ်ဆင်ယင်ထားရှိသောကြောင့် ရွှေကြာသိမ်စေတီဟု အမည်တွင်ခဲ့ပါသည်။ ဤစေတီသည် ဝေသာလီခေတ်လက်ရာ စေတီတစ်ဆူဖြစ်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။ ရခိုင်ဘုရားများအနက် အလွန်ရှားပါးသပ္ပာယ်တင့်တယ်သော ဝေသာလီခေတ် ကျောက်ဆစ်အနုလက်ရာ ကျောက်စေတီတော်တစ်ဆူ ဖြစ်ပါသည်။