အိုက်ခေါတော်စေတီ

Listing Description

အိုက်ခေါတော်စေတီသည် ကချင်ပြည်နယ် ဗန်းမော်မြို့ ရွေကျီးနားရပ်ကွက်တွင် ရွှေကျီးနားစေတီနှင့် ကပ်လျက်တည်ရှိပါသည်။ ဗန်းမော်မြို့၏ သမိုင်းရာဇဝင်အရ အိုက်ခေါတော်စေတီတော်မှာ မုဆိုးမ၏သား အိုက်ခေါတော် မြေထိပ်ခတ်ခံရသော နေရာတွင် သတိတရဖြစ်စေရန် တည်ထားသော စေတီတစ်ဆူဖြစ်သည်ဟု သိရပါသည်။ စေတီတော်ကြီး၏ အနီးရှိ ရွှေကျီးနားစေတီမှာ ယခင်က တာပိန်မြစ်ကမ်းဦးတွင်တည်ထားသော်လည်း ဘိုးတော် ဗဒုံမင်းလက်ထက်တွင် တာပိန်မြစ်ရေတိုက်စားမှုကြောင့် ပြိုပျက်မည်စိုးသဖြင့် အိုက်ခေါတော်စေတီတော်အနီးသို့ ပြောင်းရွှေ့တည်ထားခဲ့ပါသည်။ ကြည်ညိုဖွယ်ရာ ရွှေရောင်းအဆင်းနှင့် စေတီတော်နှစ်ဆူကို တစ်ပြိုင်နက်တည်း ဖူးမြော်နိုင်ပါသည်။