ဟရီတောင်စေတီ

Listing Description

မြောက်ဦးမြို့ နန်းတော်ကုန်း၏ မြောက်ဘက်အနီး မြို့လယ်တွင် ပေ ၇၀ ခန့်မြင့်သော ဟရီတောင်ထိပ်၌ တည်ရှိသည်။ ကောဇာသက္ကရာဇ် ၁၁၁၂ ခုနှစ် (ခရစ်နှစ် ၁၇၅၀) တွင် ဘုရင် နရအဘယရာဇာသည် မြတ်စွာဘုရား၏ အရီတော်ဓာတ်ကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သည်။ အရီတော်ဓာတ်စေတီဟု ခေါ်တွင်ခဲ့ရာမှ ဟရီတောင်စေတီ ဖြစ်လာခဲ့သည်။ စေတီသည် အောက်ခြေလေးမြှောင့်ရှိပြီး ပစ္စယံအဆင့် ၃ ဆင့်ရှိသည်။ အပေါ်ပစ္စယံ ၂ ဆင့်တွင် မုခ်ဖွင့်ဂူငယ်နှင့် ဆင်းတုတော်တစ်ဆူစီ အရပ်လေးမျက်နှာသို့ မျက်နှာမူကာ ကိန်းဝပ်လျက်ရှိသည်။