ရွှေထီးမိုးဘုရား

Listing Description

မြောက်ဦးမြို့ ပန်းဈီးမြောင်ရှင်ပင်ဘုရား၏တောင်ဘက်တွင်ရှိသော ကျက်ပိတ်တံခါး၏မြောက်ဘက် စန္ဒမုနိကျောင်းတိုက် (ယခင်ဗန္ဓုလကျောင်းတိုက်) အဝင်ဝမုခ်အနီး၌ တည်ရှိသည်။ ကောဇာသက္ကရာဇ် ၇၉၂ ခုနှစ် (အေဒီ ၁၄၃၀) တွင် ဘုရင်မင်းစောမွန်က မြို့တည်အရံဘုရားတစ်ဆူအဖြစ် တည်ထားကိုးကွယ်ခဲ့သည်။ ဤဘုရားတွင် ဂန္ဓကုဋီတိုက်ပါရှိပြီး ဂန္ဓကုဋီတိုက်တွင် ကျောက်ဆစ်လက်ရာ လှပုစွာ ထုဆစ်ထားသော ပလ္လင်၌ ကျောက်ဆင်းတုတော်တစ်ဆူ ကိန်းဝပ်လျက်ရှိသည်။