မောင်းဆွဲဓာတ်စေတီ

Listing Description

မြောက်ဦးမြို့၏ တောင်ဘက် ၂ မိုင်ခွဲခန့်အကွာ ဘောင်းဒွတ်ရွာအနီးရှိ ဒုဒင်ရွာအလွန်တွင် မောင်းဆွဲရွာဝနပဏ္ဏရမည်သော တောင်ထိပ်ပေါ်၌ တည်ရှိသည်။ သူရိယစက္ကမင်းသည် သီရိဓမ္မာသောကမင်းကြီး ပေးပို့လှူဒါန်းသော မြတ်စွာဘုရား၏ ဓာတ်တော်များကို ဌာပနာ၍ နွားလားဥဿဘတစ်မော့ခန့်မြင့်သော စေတီများ တည်ထားခဲ့ရာ ယခုမောင်းဆွဲဓာတ်စေတီတွင် မြတ်စွာဘုရား၏ လက်ဝဲလက်မောင်းတော်ဓာတ်ကို ဌာပနာ၍ တည်ထားသည်ဟု သိရသည်။ စေတီတော်အား ခေတ်အဆက်ဆက် မင်းများ၊ ပြည်သူများက ပြုပြင်မွမ်းမံတည်ထားခဲ့ကြသည်။