ကြုံတူစေတီ

Listing Description

ပဲခူးတိုင်းဒေသကြီး ဝေါမြို့၏ အနောက်မြောက်ဘက်တစ်မိုင်အကွာ ရန်ကုန်-မော်လမြိုင် ကားလမ်း၏ လက်ယာဘက် နှစ်ဖာလုံတွင် တည်ရှိသည်။ နောင်တော်ကြီးနှင့် နောင်တော်လေးစေတီ ညီနောင်နှစ်ဆူရှိပြီး ပြိုပျက်နေသော နောင်တော်လေးစေတီကို ၂၀၁၂ ခုနှစ် ဝန်းကျင်က ပြန်လည်ပြုပြင်ခဲ့ရာ စေတီတော်ကို ဂဝံကျောက် အောက်ခံပေါ်တွင် အုတ်များဖြင့် တည်ထားကြောင်း တွေ့ရှိခဲ့ရသည်။ ကြုံတူသည် ဂဝံ ယဉ်ကျေးမှု ထွန်းကားခဲ့သည့် နေရာတစ်ခုဖြစ်ကြောင်း သုတေသီများက ယူဆကြပြီး ယခုအချိန်တွင်မူ ကြုံတူစေတီများသည် ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုများကြောင့် မူလလက်ရာ မရှိတော့ဘဲ စေတီသစ်များသဖွယ် တည်ရှိပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်ကျော် ၇ ရက်နေ့၌ စည်ကားစွာ ကျင်းပပါသည်။