မျှော်တော်မူစေတီ

Listing Description

မြောက်ဦးမြို့ အလယ်ဈီးတံတားအနီး ပေ ၁၀၀ ခန့်မြင့်သော တောင်ကုန်းပေါ်တွင် တည်ရှိသည်။ မြောက်ဦးခေတ် စစ်သည်များ စစ်ချီထွက်လျှင် ဤမျှော်တော်မူတောင်တံခါးမှ ဝင်ထွက်ကြလေရာ ဇနီးသားသမီးတို့က စစ်သည်များ စစ်ဘေးကင်း၍ ပြန်အလာကို ဤမျှော်တော်မူဘုရားတွင် ကုသိုလ်ပြုဆုတောင်းကာ ဤတောင်မှပင် မျှော်လေ့ရှိသဖြင့် မျှော်တော်မူစေတီ၊ မျှော်တော်မူတောင်ဟု အမည်တွင်ခဲ့သည်။ ဤစေတီကို ဘုရင်မင်းခမောင်းနှင့် သီရိသုဓမ္မရာဇာ၏ မိဖုရားကြီးနတ်သျှင်မယ်တို့သည် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ကြသည်။ မျှော်တော်မူစေတီတော်အနီးတွင်လည်း ဘုရင်မင်းခမောင်းလက်ထက် ဇုန္ဒတ်(စစ်သူကြီး)တစ်ဦး တည်ထားခဲ့သော လွမ်းစေတီတစ်ဆူကို ဖူးမြင်နိုင်သည်။