မင်္ဂလဓာတ်ပေါင်းရွှေဂူစေတီတော်

Listing Description

မင်္ဂလဓာတ်ပေါင်းရွှေဂူစေတီတော်သည် မြောက်ဦးမြို့ ကိုးနဝင်းစေတီတော်၏ အနောက်ဘက်တောင်ကုန်းတွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၈၀ ပြည့်နှစ် (ခရစ်နှစ် ၈၁၈)တွင် ခေတ္တသင်မင်းက မြတ်စွာဘုရားရှင်၏ ဓာတ်တော်များနှင့် သျှင်သစ္စဗန္ဗဝရဟန္တာအရှင်မြတ်၏ ဓာတ်တော်များကို ဌာပနာ၍ တည်ထားခဲ့ပါသည်။ စေတီတော်အောက်ခြေမှာ ရှစ်မြောင့်ပုံဖြစ်ပြီး ထောင့်စွန်းများ၌ ဒုရစ်ပုံကျောက်ဆစ်လက်ရာများရှိပါသည်။ စေတီတော်၏ အောက်ခြေပတ်လည် အတိုင်းအတာမှာ ၈၀ ပေခန့်ရှိပြီး ဉာဏ်တော်အမြင့် ၆၀ ပေခန့်ရှိပါသည်။ စေတီတော်ဂန္ဓကုဋီတိုက်အတွင်းသို့ အရှေ့ဘက်ဝင်ပေါက်မှ ဝင်ရောက်နိုင်ကာ ဂန္ဓကုဋီတိုက်အတွင်း၌ ဉာဏ်တော်အမြင့် ၅ ပေခန့်ရှိသော ကျောက်ဆင်းတုတော်တစ်ဆူကို ဖူးမြော်ကြည်ညိုနိုင်ပါသည်။