မဟာရွှေစည်ကြီးစေတီတော်

Listing Description

မဟာရွှေစည်ကြီးစေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်း တည်ရှိသည့် မြို့ကျက်သရေဆောင် ရွှေတိဂုံပုံတူစေတီတော်ကြီးဖြစ်ပါသည်။ စေတီတော်သည် ၁၈၉၉ ခုနှစ်တွင် တည်ရှိခဲ့သော စည်တစ်လုံးစေတီကို ထပ်မံငုံ၍ ရွှေတိဂုံစေတီတော်ပုံစံ တည်ဆောက်ခဲ့သော စေတီဖြစ်ပါသည်။ မဟာရွှေစည်ကြီးစေတီတော်သည် ဉာဏ်တော်အမြင့် ၉၀ ပေ ရှိပြီး စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလ၌ ကျင်းပပါသည်။