လှည်းကြောင်းတော်စေတီ

Listing Description

လှည်းကြောင်းတောစေတီသည် ထား၀ယ်−မြိတ်ကားလမ်း နှင့် ကပ်လျှက် ၆ မိုင်အကွာ ရှင်မုတ္ထီးဘုရား ရုပ်ပွားတော်အနီးတွင် တည်ရှိပါသည်။ စောထွတ်မင်းသားတည်သည့် စေတီမှာ ဂျော ကို ရက်၍ တည်လုပ်ရာ မိုးကြိုးထိသဖြင့် ပြိုလဲသောကြောင့် "ဂျောလဲစေတီ" ဟု ခေါ်ဝေါ်ကြရာ နှောင်းအခါ အခေါ်ရွေ့လျောကာ ပြောင်းပြန်ခေါ်သဖြင့် ဂျောလဲ မှ လဲဂျောစေတီ ဟူ၍ခေါ်တွင်ကြပါသည်။  အချို့က "လှည်းကြောင်းတောစေတီ" ဟူ၍လည်းခေါ်ဝေါ်ကြပါသည်။